တွံတေးမြို့နယ်၌ အိမ်တွင်းလက်မှုပညာ တက်တင်းထိုးနည်းသင်တန်းဆင်းပွဲ ကျင်းပ

တွံတေး ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး‌၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုနှုန်းလျော့ကျစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ ‌‌ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တက်တင်းထိုးနည်း အိမ်တွင်းလက်မှု ပညာသင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးက မိမိတို့အတွက် အလုပ် အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုနှုန်း လျော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သည့် အတွက် သင်တန်းသူများက ကြိုးစားပြီးဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နည်းပြဆရာမ ဒေါ်မေသူပြုံးက တက်တင်းထိုးနည်းအကြောင်း၊ အိမ်တွင်းလက်မှုပညာဖြစ်သည့် တက်တင်းထိုးနည်းပညာရပ်များကို လက်တွေ့သင်ကြားပေးရာတွင် သင်တန်းသူများက ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ သင်တန်းသူများက မိမိစိတ်ကြိုက်ဆန်းသစ်တီထွင်နိုင်ပြီး မိမိစိတ်ဝင်စားရင် စိတ်ဝင်စားသလောက် အောင်မြင်မှာဖြစ်ကြောင်းနှင့် အားလုံးကြိုးစားဆောင်ရွက်ကြရန်မှာကြားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၂)ဦးတက်ရောက်ခဲ့ပြီး ဇွန် ၃ ရက်နေ့မှ  ၇ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

တွံတေးသား