ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ဈေး၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံလူကုန်ကူးမှု့ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်မှ စက်တင်ကာ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင်၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် လူငယ် စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများ ရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်းဆွေးနွေးပွဲများမှ အသိပညာ ဗဟုသုတများနှင့် အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်း ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်က အ.ထ.က ထန်းသုံးပင် နဝရတ်ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

နောင်တရားမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်းဆင်းပွဲကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပ သည်။

လယ်ဝေးမြို့နယ် ပိတောက်ချောင်ရွာ၊ ဆင်စုရွာနှင့် တဲတန်းရွာများတွင် သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စုများအား စားသုံးဆီရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် Agri.One ကုမ္ပဏီမှ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို ယနေ့နံနက်ပိုင်းက ပိတောက်ချောင်ရွာ၊ ဆင်စုရွာနှင့် တဲတန်းရွာတွင် ရောင်းချပေးခဲ့သည်။

­နမ့်စန်တွင် တောင်သူများကို နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်၍ နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြိုနယ်တွင် တောင်သူများကို နေကြာမျိုးစေ့၊ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိူးထားသည့် နေကြာစိုက် ဧက(၁၀၀) စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။

အသက် (၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်အသင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန မုံလုံလေလုံခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပ သည်။

သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သာကေတမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမ၌ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသားလူငယ်များမှ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to