မွန်ပြည်နယ် ဝန်ကြီးချုပ် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ပျဉ်းမနားမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ဧကဒသမကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကြီးတွင် တစ်နိုင်ငံလုံး ပထမဆုနှင့် တတိယဆုရ ထူးချွန်သူ (၂) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဧကဒသမကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် တစ်နိုင်ငံလုံး ပထမဆုနှင့် တတိယဆုရ ထူးချွန်သူ (၂) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပသည်။

ကြံခင်းမြို့နယ်တွင် သုတ/ရသ စာပေမျိုးစုံ လွယ်ကူစွာဖတ်ရှုနိုင်ရန် (Mobile Library) စနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာဖတ်ခြင်းဖြင့် ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၁၀)နာရီအချိန်က သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် (Mobile Library) စနစ်ဖြင့် စာအုပ်များ (အခမဲ့) ကွင်းဆင်းငှားရမ်းပေးကြသည်။
Subscribe to