ညောင်ဦးမြို့နယ်၌ ထူးခြားမြစ်ရေအခြေအနေကြောင့် ဧရာဝတီမြစ်ရေသည် သုံးရက်အတွင်း ၁၆ ပေခွဲအထိ မြင့်တက်

ညောင်ဦး မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ထူးခြားမြစ်ရေအခြေအနေကြောင့် ဧရာဝတီမြစ်ရေအခြေအနေသည် ညောင်ဦးမြို့တွင် ဇွန် ၂ ရက်နေ့မှ ဇွန် ၄ ရက်နေ့အထိ ၃ ရက်အတွင်း ၅၀၅ စင်တီမီတာ (၁၆ပေခွဲမြင့်တက်ခဲ့)ကြောင်း ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံကသိရသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ် မေ ၂၉ ရက်နေ့၊ ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် ၆၄၉ စင်တီမီတာသို့ရောက်ရှိခဲ့ကာ ၄၈ နာရီအတွင်း ၁၃ ပေခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သောကြောင့် ဧရာဝတီ မြစ်အောက်ပိုင်းမြို့များ ထူးခြားမြစ်ရေအခြေအနေမြင့်တက်ခဲ့ကာ ညောင်ဦးမြို့တွင် ဇွန် ၂ ရက်မှ ဇွန် ၄ ရက်နေ့အထိ ၃ ရက်အတွင်း ၅၀၅ စင်တီမီတာ၊ ၁၆ ပေခွဲမြင့်တက်ခဲ့ပြီး ဇွန် ၆ ရက်၊ နံနက် ၆နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ မြစ်ရေအမှတ် ၁၇၆၉ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၃၅၁ စင်တီမီတာလိုသေးကြောင်း၊ ဧရာဝတီမြစ်ရေသည် ယနေ့နံနက်ပိုင်းမှစတင်ကာ တဖြည်းဖြည်း ပြန်လည်ကျဆင်းနေကြောင်းသိရသည်။

ဒီပါလင်း