ညောင်ဦး မေ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့များဖြင့် လုပ်ငန်းများစနစ်တကျရှိစေရေး၊ ပြည်တွင်းရောင်းကုန်များမှသည် ပြည်ပရောင်းကုန်များအထိ ထိုးဖောက်ရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြင်းပျံပုံးရည်ကြီးလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းပျံပုံးရည်ကြီးလုပ်ငန်း ထုတ်ပိုးမှုစနစ်တကျရှိစေရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း၊ မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းများ အား ပူးပေါင်းအဖွဲ့များဖြစ်သော ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့်ဝန်ထမ်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်/မြို့နယ်မီးသတ် ဦးစီးဌာနမှဝန်ထမ်းများပူပေါင်း၍ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များသန့်ရှင်းကောင်းမွန်စေရန်၊ လုပ်ငန်းခွင်အတွင်း နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အဆင့်မြင့်ထုတ်ပိုးမှုများ လုပ်ဆောင်လာနိုင်ရေး၊ Automating Systems အဆင့်မြင့်စက် ကိရိယာများ အသုံးပြုလာနိုင်ရေး၊ လုပ်ငန်းခွင်မီးဘေးလုံခြုံရေး အစီအမံများရှိစေရေး အသိပညာပေးခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း