နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်၊ စာစောင်များ ပုံမှန်ငှားရမ်းပေး

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်ထိ ရုံးဖွင့်သည့်နေ့များ၌ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စာကြည့်တိုက်ဖြင့် ရင်းနှီးကျွမ်းဝင်စေပြီး စာဖတ်သူကြိုက်နှစ်သက်သည့် စာအုပ်များအား ငှားရမ်းပေးခြင်း၊ ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်၍ အသိပညာ အတတ်ပညာ ဗဟုသုတများ ကြွယ်ဝပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်၍ ရုံးဖွင့်သည့်နေ့ရက်များတွင် ပုံမှန်ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိရာ ပညာဘဏ်တိုက်စာကြည့်တိုက်အဖြစ် တင်စားခေါ်ဆိုနိုင်ထားသည့်အတိုင်း ပြည်သူများ ဗဟုသုတရရှိနိုင်စေရန် သုတ/ရသစာအုပ်ပေါင်းများစွာကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက အခမဲ့ငှားရမ်းပေးလျက်ရှိသည်။ ထို့ပြင် ရွေ့လျားမော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်များသို့ စာအုပ်စာစောင်များ အခမဲ့သွားရောက်ငှားရမ်းပေးလျက်ရှိပြီး ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ်ရှိအခြေခံစာသင်ကျောင်းများသို့လည်း နှစ်ပတ်လျှင် တစ်ကြိမ်စာအုပ်စာစောင်များ အခမဲ့လိုက်လံငှားရမ်းပေးလျက်ရှိသည်။

လှဝင်း