ဒိုက်ဦး ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၃ မြို့မတောင်သူပညာပေးစခန်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဓိကသီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း/ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ညောင်လေးပင်ခရိုင်၊ ခရိုင်စိုက်ပျိုးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ဒိုက်ဦးမြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးတို့မှအသီးသီး အဖွင့်အမှာစကားများပြောကြားကြခဲ့ကြောင်း သိရသည်။
ထို့နောက် အဓိကသီးနှံ (၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း/ဆွေးနွေးပွဲကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးဇော်သိန်းနိုင်မှ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးအရာရှိဦးခင်မောင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးအရာရှိဦးဝင်းမင်းထွန်း၊ မြို့နယ်ဆည်မြောင်းဦးစီးအရာရှိဦးဟန်ကိုလတ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးဒေါက်တာကျော်လင်းတို့က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နည်းပညာပေးသင်တန်း/ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူကြီးများစုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)