နတ်တလင်းမြို့နယ် ဒေသတွင်းစိမ်းလန်းစိုပြည်ရေး ပျိုးပင်ပေါင်း(၅၁၀၀၀) ပျိုးထောင်ထားရှိ

နတ်တလင်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက်  ပျိုးပင်ပေါင်း (၅၁၀၀၀) ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ရာသီဥတု မျှတကောင်းမွန်စေရေး၊ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးရန် ကံစုပျိုးဥယျာဉ်တွင် ကျွန်းပင် (၅၀၀၀)၊ မန်ဂျန်ရှား (၃၅၀၀၀)၊ မဟော်ဂနီ (၅၀၀၀)၊ မယ်ဇလီ (၆၀၀၀) စုစုပေါင်း ပျိုးပင် (၅၁၀၀၀) တို့ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များသို့ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ပြီး သစ်ပင်စိုက်ပွဲတော်များ ကျင်းပပြုလုပ်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)