ငရုတ်ကောင်းမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်း သာယာ‌ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကို ယမန်နေ့ ညနေ ၃ နာရီက ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာ၊ စခန်းသာရပ်ကွက် ဘုန်းတော်ကြီး ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံ ဟောင်းဝန်းအတွင်း သံဃာဆောင်၌ ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ် မြရတနာအောင် ဆန်စက်မှ အိမ်ထောင်စု (၁၂၀) အတွက် ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်‌ ကျေးရွာအုပ်စုရှိ မြရတနာအောင် ဆန်စက်မှ အိမ်ထောင်စု (၁၂၀) အတွက် ဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ယမန်နေ့ နံနက်က အဆိုပါဆန်စက်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား/သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း

ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် မြို့နယ် အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့ အခြေခံပညာကျောင်းများ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(အောင်မြေ ရွေဘုံ)နှင့် အခြေခံပညာမူလတန်း(လွန်) (အောင်မြေရွှေဘုံ) ကျောင်းတို့တွင်  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပလပ်စတစ်အိတ်သုံးစွဲမှု ဆိုးကျိုးများတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၁၁)ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာ ကျောင်း (၁၁) ကျောင်းအား ယာယီပိတ်ထားလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် ဒေသထွက်တစ်ပိုင်တစ်နိုင်ဝါးပလုတ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊နန်းသီလာကျေးရွာအုပ်စု၊ မဒေါကျေးရွာရှိ ဥယျာဉ်ခြံထဲတွင် ဒေသထွက်တစ်ပိုင်တစ်နိုင် ဝါးပလုတ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လူကုန်ကူးမှုအန္တရာယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဆုနှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုဝာားဆီးရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာလာစေရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Subscribe to