ကန့်ဘလူ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၄ ခုနှစ်ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ (၂၁) ၊ အမှတ် (၁၁) မှ ရွာသားဖိုးမောင် ရေးသားသည့် စာဖတ်ခြင်းမှ ပညာတတ်ခြင်းသို့ အတွေးအမြင် ဆောင်းပါးအား ယနေ့ နံနက် ၁၀ နာရီက ဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်မြင့်မားစေရေးအတွက် လေ့လာသင်ယူမှုလုပ်ငန်းများကို အစဥ်အမြဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းမှ အသိပညာ၊ ဗဟုသုတများ ကောင်းစွာ ရရှိနိုင်ပုံများနှင့် လောကလူသားများကို အသိဉာဏ်ပညာ အလင်းရောင်ထွန်းပြောင်စေပြီး လူမျိုး၊ ဘာသာ၊ အသက်အရွယ်မရွေး အမိုက်အမှောင်မှ အလင်းရောင်ဆီသို့ ပို့ဆောင်ပေးနိုင်ပုံ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဝန်ထမ်းများက ရွာသားဖိုးမောင်၏ စာဖတ်ခြင်းမှ ပညာတတ်ခြင်းသို့ ဆောင်းပါးပါ အကြောင်းအရာများကို မိမိတို့ ဖြတ်သန်းခဲ့ရသည် ဘဝအတွေ့အကြုံများနှင့် ယှဥ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ပြန်/ဆက်)