မောက်မယ် ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက် ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက် ၁၀ နာရီမှ စတင်ပြီး လင်းခေးခရိုင်ခွဲရုံမှူး ဦးကျော်မိုးအောင်နှင့် မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဇင်ဝင်းတို့က ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်များသို့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်များအတွင်းရှိ ပြည်သူနေအိမ်များ၊ အသေးစားလုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ရေသန့်စက်ရုံများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော မီတာများ တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် မီတာများ ရပ်၊ ပျက်၊ နှေး ဖြစ်ပေါ်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ၏ ပြောကြားချက် အရသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)