သာယာဝတီ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စာကြည့်တိုက်ပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာကြည့်တိုက်ကိုသိရှိနားလည်စေရန်၊ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စာကြည့်တိုက်ရှိစာအုပ်များ မျိုးတူစုခွဲခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာကြည့်တိုက်ပညာရပ်များ၊ စာစုစာပြုလုပ်ငန်းများအား ဆွေးနွေးပို့ချပေးပြီး စာကြည့်တိုက်တာဝန်ခံများက စာကြည့်တိုက်ရှင်သန်ခိုင်မာရေးများကို ပြန်လည်ဆွေးနွေးကြခဲ့သည်။
အဆိုပါ စာကြည့်တိုက်ပညာသင်တန်းသို့ သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး စာကြည့်တိုက်တာဝန်ခံများ၊ ရုပ်သံကျွမ်းကျင်-၃ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)