ငပုတော ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း ခြံကွင်းနှင့် အခြေခံပညာမူလတန်းကျောင်း အ-မ-က ဥယျာဉ်ကုန်းတို့တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးနှင့် စဥ်ဆက်မပြတ် အတန်းကူးပြောင်းပညာသင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရေမြောင်းများ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အတန်းအလိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)