တောင်တွင်းကြီး ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ နှမ်းတစ်ဧကလျှင်ငွေကျပ် ၁၀၀၀၀၀/- နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်း အနေဖြင့် ငွေကျပ် ၁၀၀ လျှင် ၄၂ ပြားနှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်တွင် အရင်းနှင့်တကွကျသင့်သည့်အတိုးကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူ(၁၀၃၆)ဦး၏ စိုက်ဧက(၄၃၉၇)အတွက် ငွေကျပ်သိန်းပေါင်း(၆၃၂၀.၅၀)သိန်းအား တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ လျာထား(၈၀၀,၀၀၀,၀၀၀)ကျပ်သိန်း၊ (၅၇၅၀၀)ဧကအား ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဦးအေးကိုကိုထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)