လားရှိုး ဇွန် ၆
၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီအတွင်း လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ လယ်ယာစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများတွင် ရေလုံလောက်မှုရရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးခြင်းကို လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ (၁၄) ရှိ သံမဏိဆည်အတွင်း ပိတ်ဆို့နေသည့် နုံးမြေများ၊ အမှိုက်သရိုက်များအား စည်ပင်သာယာရေးဌာနနှင့် ပြည်သူများမှ စက်ယန္တရားများ အသုံးပြု ၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့နေမှုများ ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံမဏရေလွှဲဆည်သည် ဧက ၈၀ ရှိ ရေပူစိုက်ခင်းအတွက် အဓိကရေပေးဝေပေးနေသည့် ဆည်တစ်ခု ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)