ကျောက်တလုံးကြီး ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နိုင်ငံလုံးဆိုင်ရာ ပရိယတ္တိသာသနပါဒကစာပြန်ပွဲတွင် အောင်မြင်ခဲ့သော သံဃာတော်များအား ဂုဏဝိသိဋ္ဌထူးဂုဏ်တော်ပူဇော်ပွဲ အခမ်းအနားကို ဒုံအုံးကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ကျောက်တလုံးကြီးမြို့ ဒုံအုံးကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သာသနာဓဇဓနယမ္မာစရိယဘွဲ့ရ ဆရာတော် ဦးကောဝိဒ၊ အဘိဓမ္မဝိဒူဘွဲ့၊ သာသနာဓဇဓနယမ္မာစရိယဘွဲ့၊ ဥဘတောဝိသင်္ဂရဘွဲ့၊ ဝိနယဓရဘွဲ့များရရှိသည့် ဆရာတော်ပညာဝရာလင်္ကာရနှင့် အင်္ဂုတ္တရနိကာယဝိဒူဘွဲ့(ပထမ)ရ ဆရာတော် နန္ဒိသေနာလင်္ကာရတို့အား ပင့်ဆောင်ပူဇော်၍ ပင့်ဖိတ်ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဖိတ်ကြားထားသော ရပ်နီးရပ်ဝေးမှ ဒကာ၊ ဒကာမများအား ကျွေးမွေးဒါနပြုခြင်း၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး နေ့လယ် ၁၂ ရီခွဲအချိန်တွင် ဆရာတော်၊ သံဃာတော်များထံမှ အနုမောဿနတရားများ နာယူဆောက်တည်ကုသိုလ်ပြု ပူဇော်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း