တောင်ကြီး ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ကန်အောက်ရပ်ကွက်၊ နယ်မြေ ၉ ၊ နှင်းဆီးလမ်းရှိ New Light ကိုယ်ပိုင်မူကြိုကျောင်းတွင် ယမန်နေ့ ည ၇ နာရီခန့်က မျက်နှာကျက်အတွင်း သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)