ညောင်ဦးမြို့နယ်တွင် စပျစ်သီးစိုက်ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်း ထပ်မံစိုက်ပျိုးသူများ ယခုနှစ်တွင် များလာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိကျေးရွာများတွင် စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူးရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက် ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာ စပျစ်သီးနှံ တစ်ဧကခွဲ စိုက်ပျိုးသည့် ဦးအေးကိုထံက သိရသည်။