ကျုံပျော်တွင် အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပြည်သူများအသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်ကာ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့‌နံနက် ၁၀ နာရီက အောင်ဆန်းရပ်ကွက်ဓမ္မာရုံစာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း‌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးကျော် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၈၉) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒသကြီး ဝန်ကြီးချုပ် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား ကြည်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ အုန်းပင်ကျေးရွာတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့ (၁၀) နာရီက အုန်းပင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သိရသည်။

ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မိုးရာသီသစ်ပင်စိုက်ပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်သည်။

မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to