တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး‌ဆွေးနွေးပွဲကျင်းပ

တံတား ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မြန်မာ့လူမှုပတ်ဝန်းကျင်တွင်  မြန်မာအမျိုးသမီးများ၏  အခန်းကဏ္ဍများနှင့် ဆောင်ရွက်ချက်များ၏ အရေးပါပုံ၊ အလုပ်အကိုင်အခွင့်အလမ်းများကို ပြည်သူများရှင်းလင်းစွာသိမြင်နိုင်ရန်နှင့် စွမ်းဆောင်ရည်ရှိသော အမျိုးသမီးများကို  မြေတောင်မြှောက်ပေးကာ  ၎င်းစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးရန် မိမိတို့အနေဖြင့် တစ်တောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရေးအတွက်ရည်ရွယ်၍ အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးအသိပညာပေးဆွေးနွေပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် (Women Club)အဖွဲ့ဝင် ဒေါ်နုနုဝေမှ အမျိုးသမီးများ၏ ရဲရင့်မှု၊ ထူးချွန်ထက်မြတ်မှု၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မှု၊  ဦးဆောင်နိုင်မှုစွမ်းရည်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်မာရေး၊ အားကစား အစရှိသောကဏ္ဍမျိူးစုံတွင် ပါဝင်နေကြောင်း ဆွေးနွေးပြောကြားကာ တတ်ရောက်လာ‌သော အမျိုးသမီးများမှလည်း  မိမိတို့သိလိုသောအကြောင်းအရာများဖြင့် အပြန်အလှန်မေးမြန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)