ရွှေကျင် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်းလေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီးစီးမှူးရုံးတွင် ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ်အတွင်းရှိ တောင်သူများအား မြေနိမ့်ကော်ဖီ (ရိုဘက်စတာ) ပျိုးပင်များ ပေးအပ်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက မြေနိမ့်ကော်ဖီ (ရိုဘက်စတာ) စိုက်ပျိုးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးအောင်မြင့်ထွေးက ရွှေကျင်မြို့နယ်အတွင်း ၂၀၂၄- ၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ရာဘာစိုက်ခင်းများကြားတွင် ကြားသီးနှံမှ ဝင်ငွေရရှိပြီး တောင်သူများ ဝင်ငွေတိုးစေရန် မြေနိမ့်ကော်ဖီ (ရိုဘက်စတာ) ဧက(၂၀၀) စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးမည့် တောင်သူများအား မြေနိမ့်ကော်ဖီ (ရိုဘက်စတာ) ပျိုးပင်များအား ပေးအပ်ပွဲကျင်ပခြင်းဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးနည်းစနစ်များနှင့် အပင်ပြုစုစောက်ရှောက်ပုံ အဆင့်ဆင့်တို့အား နည်းပညာပေး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး၊ ဌာနဆိုင်ရာအကြီးအကဲတို့က တောင်သူများကို ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကော်ဖီစိုက်ပျိုးရန် စိတ်ပါဝင်စားသည့် ဒေသခံတောင်သူ(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)