ပေါင်မြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခြင်းဆောင်ရွက်

ပေါင် ဇွန် ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် (၈) နာရီက ကျွဲခြံကျေးရွာ  တောင်သူ ဦးဌေးဝင်း၏ လယ်မြေ (၆.၈၀) ဧက၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးမှူး ဦးသန်းညွန့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့်နှင့် ဝန်ထမ်းများက မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုခဲ့ကြသည်။

ပေါင်မြို့နယ်အနေဖြင့် စာရေရိက္ခာဖူလုံရေးကိုရည်ရွယ်၍ တောင်သူတွေအတွက် မိုးစပါးရာသီ မျိုးစေ့ချကိရိယာအစီး (၁၀၀) ကို ပြည်နယ်အစိုးရအဖွဲ့က အခမဲ့‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)