ဘိုကလေး ဇွန် ၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နိကာယ်စာမေးပွဲ(ဝိဒူတန်း)အား ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့မွန်းတည့် (၁၂) နာရီမှစတင်၍ ကျင်းပဆောင်ရွက်သည်။
အဆိုပါ စာမေးပွဲအား ယနေ့ ဇွန်လ (၇) ရက်နေ့မှစတင်၍ ဇွန် (၁၁) ရက်နေ့အထိ (၅) ရက်တိုင်တိုင် နေ့စဉ်မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်မှ အရှင်သူမြတ် (၁၅) ပါး ဝင်ရောက်ဖြေဆိုကြောင်းနှင့် ယနေ့ စာမေးပွဲ ပထမနေ့တွင် အုပ်စု (၄) စုမှ အုပ်စုအလိုက် ပါရာဇိကပါဠိ၊ သီလက္ခန္ဓဝဂ္ဂပါဠိ၊ ဧကက၊ ဒုက၊ တိက၊စတုတ္ထ၊ ဓမ္မသင်္ဂဏီပါဠိ ဘာသာများအား စတင်ဖြေဆိုကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)