တောင်တွင်းကြီးမြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်၊ သစ်တော၊ သစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈) နာရီက လက်တက်ကျေးရွာအနီးရှိ တောင်တွင်းကြီး-အောင်လံ-ပြည် လမ်းမကြီး လမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့သည်။