ခရမ်းမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပထမအကြိမ် တင်ဒါပိုက်ချက် (၂၂) ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

ခရမ်း ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၄-၂၀၂၅ ခုနှစ် ပထမအကြိမ်မြောက် တင်ဒါပိုက်ချက် ၂၂ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်နွေးနွေးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ခရမ်းမြို့နယ် ငါးလုပ် ငန်းဦးစီးဌာနမှူး  ဦးမျိုးတင့်က တင်ဒါစည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်း‌ပြောကြားရာတွင် တင်ဒါ၀ယ်ယူမည့်သူသည် အမှန်တကယ်‌ ရေလုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ကြောင်း  ထုတ်‌ပေးထားသည့် တင်ဒါလိုင်စင်နှင့်  လုပ်ပိုင်ခွင့်သည် (၁)နှစ်အတွက်သာဖြစ်ပြီး ကျ‌ရောက်ဆဲမြန်မာသက္ကရာဇ် နှစ်ကုန်အထိသာ တရား၀င်အတည်ဖြစ်‌‌ကြောင်း၊ တင်ဒါဆွဲ၀ယ်သူသည် ဆွဲ၀ယ်ခွင့်လက်မှတ်နှင့် နိုင်ငံသာစိစစ်‌ရေးကတ်ပြားပါရှိမှသာ တင်ဒါဆွဲဝယ်ခွင့် ရရှိမည်ဖြစ်ပါကြောင်း စသည်ဖြင့်‌ ပြောကြားခဲ့သည်။

တင်ဒါပိုက်ချက်ရောင်းချရာတွင် ကျေးရွာအုပ်စု (၆၆)အုပ်စုရှိသည့်အနက် ဒေသခံရေလုပ်သား (၅၀)ဦးတက်ရောက်ခဲ့ပြီး တင်ဒါပိုက်ချက် (၂၀)ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)