နည်းပညာတက္ကသိုလ် (တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တောင်ငူ ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်၍  ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးနှင့်  ခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေဖြိုးအောင်တို့က လူထုဖြန့်ပျိုးပင်များအား ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်၊ နည်းပြ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကျွန်း၊ မန်ဂျန်ရှား၊ စိန်ပန်းပင်၊ကံ့ကော်၊ ပိတောက်၊ ခရေ၊ ပန်းတမာ၊ ငုရွှေဝါနှင့် ကုက္ကိုပင်၊ စုစုပေါင်း အပင် (၄၅၀)ကို စိုက်ပျိုးကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ဒုတိယပါမောက္ခချုပ်၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၉၀)ဦးခန့် တက်ရောက်စိုက်ပျိုးကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)