ကျိုင်းတုံ ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ဇွန်လ ၆ ရက်နေ့က ရှောင်တခင်စစ်ဆေးခဲ့သည်။
ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (ကျိုင်းတုံ)၊ ပြည်နယ်ကြီးကြပ် စစ်ဆေးရေး အရာရှိရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အခြင်အတွယ် မှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် အညီ ရောင်းချခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အစီအမံများ စနစ်တကျ ဆောင်ရွက် ထားရှိမှုရှိ/မရှိ နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် အရောင်းဆိုင်များရှိ စက်သုံးဆီ လက်ကျန်စာရင်း တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီရောင်းချသူများနေဖြင့် သတ်မှတ် ထားသော စည်းကမ်းဥပဒေများအတိုင်း လိုက်နာရောင်းချရန် အသိပညာပေးခဲ့သည်။ စက်သုံးဆီ အရောင်းဆိုင်များ အခြင်အတွယ်နှင့် အရည်အသွေး မှန်ကန်ရေးအတွက် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)