မိုင်းရှူး ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ရတနာမြေ (တောင်ပေါ်) တွင် ကျောက်မျက်တူးဖော်ရေးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ "၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ" အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက လုပ်ကွက်အမှတ်(၁၇၆)နှင့် (၁၇၇)၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား သစ်တောဦးစီးဌာန၊ တောအုပ် ဦးလှထွန်းဦးက ကျောက်မျက်တူးဖော်ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဝင်းမြင့်ထံ စိန်ပန်းအနီ (၁၀၀)ပင်၊ စိန်ပန်းအပြာ (၄၀၀)ပင်နှင့် ရေသင်းဝင် (၁၀၀)ပင် စုစုပေါင်း ပျိုးပင်၊ အပင် (၆၀၀)ပင် ပေးအပ်ခဲ့သည်။ ယင်းနောက် ပျိုးပင်များကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိဘ ပြည်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)