ဒဂုံမြောက် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၃၁) ကြိမ်မြောက် အစိုးရနိကယ် စာမေးပွဲကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် နိကာယ်စာမေးပွဲကို မဟာဝိဒူတန်းတွင် ပါရာဇီကကဏ္ဍအဠကထာ သံဃာတော် (၁) ပါး၊ သံယုတ္တအဠကထာ သံဃာတော် (၁) ပါးနှင့် ဝိဒူတန်းတွင် ပါရာဇီကကဏ္ဍ အဠကထာ သံဃာတော် (၁၀၄) ပါးနှင့် သီလရှင် (၁၀)ပါး၊ သီလက္ခန္ဓဝဂ္ဂ အဠကထာတန်းတွင် သံဃာတော် (၄) ပါး၊ မူလပဏ္ဏာသအဠကထာတန်းတွင် သံဃာတော် (၁)ပါး၊ အင်္ဂုတ္တရအဠကထာ တန်းတွင် သံဃာတော် (၇)ပါးနှင့် သီလရှင် (၂)ပါး၊ သမ္မောဟဝိ နောဒနိတန်းတွင် သီလရှင်(၁)ပါး၊ စုစုပေါင်း သံဃာတော် (၁၁၈) ပါးနှင့် သီလရှင် (၁၃)ပါးဝင်ရောက်ဖြေဆိုကြပြီး သံဃာတော် (၃၅) ပါးနှင့် သီလရှင် (၅)ပါး ပျက်ကွက်သဖြင့် ဝင်ရောက်ဖြေဆိုမှု သံဃာတော်(၈၃)ပါးနှင့် သီလရှင်(၈)၊ စုစုပေါင်း (၉၁)ပါးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၉၆% ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ စာဖြေဆိုနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပြီး အဆိုပါစာမေးပွဲအား ဇွန် ၇ ရက်နေ့မှ ဇွန် ၁၁ ရက်နေ့ထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ ထိ ဖြေဆို ကြရမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ