တွံတေးမြို့နယ် လက်ပံဂွကျေးရွာအုပ်စုမှ ကျေးလက်ပြည်သူများအား တိုင်းရင်းဆေးဖြင့်​ ဆေးဝါးများ ကုသပေးခြင်းဆောင်ရွက်

တွံတေး ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးနှင့်အဖွဲ့သည် လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာသို့သွားရောက်၍ တိုင်းရင်းဆေးလက်ကမ်းစာစောင်များ ဝေငှကာ ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် သိသင့်သော အချက်များအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်းဆေးကုသပေးခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က စက်ဆန်းကျေးရွာ၊ ပညာစံအိမ်ကျေးလက် စာကြည့်တိုက်ခန်းမ၌ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးမှ တိုင်းရင်းဆေးလက်ကမ်းစာစောင်များ ဝေငှကာ ဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် သိသင့်သောအချက်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ပံဂွကျေးရွာအုပ်စုအတွင်းရှိ လက်ပံဂွ၊ သာစည်၊ စက်ဆန်း၊ စက်ကလေး၊ ပုသိမ်ကျေးရွာများမှ ပြည်သူများအား တိုင်းရင်းဆေးဝါးဖြင့် သွေးတိုးရောဂါ၊ အရေပြားယားနာ၊ ဒူးနာ၊ ခါးနာ၊ အကြောရောဂါ၊ ကျီးပေါင်းရောဂါနှင့် ခေါင်းမူးရောဂါများကို ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပေးခဲ့ကာ ကျားကြီး (၁၅) ဦး၊ မကြီး (၅၆) ဦး၊ ကျားလေး (၃) ဦး၊ မလေး (၁) ဦး၊ စုစုပေါင်း (၇၅) ဦးတို့ကို ဆေးဝါးများ အခမဲ့ကုသမှုပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)