ဒဂုံတောင် ဇွန် ၁၀
၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ (၄) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းနှင့် သင်္ဃန်းကျန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းတို့၌ နေ့စဉ်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ နံနက် (၇) နာရီခွဲက ဒဂုံမြို့သစ်ခရိုင် ကိုယ်စားပြုအသင်းနှင့် မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ရာ ဒဂုံမြို့သစ်ခရိုင် ကိုယ်စားပြုအသင်းက မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းကို (၁) ဂိုး ဂိုးမရှိ အနိုင်ရရှိသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း (၁၄) သင်းပါဝင်ပြီး ဇွန်လ (၁၉) ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အကောင်းဆုံး အားကစားသမားများကို ရွေးချယ်ကာ နေပြည်တော်တွင် သြဂုတ်လ (၁) ရက်မှ (၁၅) ရက်အထိ ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး