ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာတွင် မြေယာပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းပညာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်တန်း ဇွန် ၁၀

ကျောက်တန်းမြို့နယ်၌ မြေယာပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းပညာများ အသိပညာပေးဟောပြောပွဲကို မင်္ဂလွန်းကျေးရွာ ဘုန်းကြီးကျောင်း၀င်း ဓမ္မာရုံတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲကို ကျောက်တန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသန်းနှင့် တာ၀န်ရှိသူများမှ မြေယာပြုပြင်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းအကြောင်းများကို အသိပညာဟောပြောခဲ့ကြကာ ကျေးရွာများမှ တက်ရောက်လာသော တောင်သူဦးကြီးများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်

နေလင်းကျော် (ပြန်/ဆက်)