ကလေး ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲများကို စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိကာယ်စာမေးပွဲများ၌ မဟာဝါ၊ မဟာဝဂ္ဂ၊ မဇ္ဈိမပဏ္ဏာသ၊ ခန္ဓဝဂ္ဂ သဠာယ၊ ပဉ္စက၊ ဆက္က၊ ဝိဘင်္ဂ စသည် ဘာသာရပ်များဖြေဆိုရန် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၈၇ ပါး၊ စာရင်းပေးသွင်းထားရာ (၅၉) ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၂၈) ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များနှင့် သွားလာမှု အဆင်ပြေလွယ်ကူစေရေး နေ့စဥ်ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)