ရေတာရှည်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရေတာရှည် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ လမ်းဘေး ဝဲ၊ ယာ တွင် ယမန်နေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးမှုပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

သီးပင်၊ စားပင်များ စိုက်ပျိုးမှုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့်မှ ပေါက်ပန်းဖြူ (၁၀၀) ပင်၊  ဒန့်ဒလွန် (၃၀) ပင်၊ ကြောင်လျှာ(၂၀)ပင် စုစုပေါင်း (၁၅၀) ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)