မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှင့် Korea Real Estate Service Development Association တို့သဘောတူလက်မှတ်ရေးထိုး

ရန်ကုန် ဇွန် ၁၀

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အသင်းအနေဖြင့် အသင်း၏ (ဗဟို) ဥက္ကဋ္ဌဦးခင်းမောင်သန်း၏ ဦးဆောင်မှုဖြင့် ပြည်တွင်းသာမက အာဆီယံနိုင်ငံများအထိ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်အောင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံက်ပိုင်တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှင့် Korea Real Estate Service Development Association တို့သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းနှင့် အသင်းသားစုံညီးအစည်းဝေသို့ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌဦးခင်းမောင်သန်း၊ ARENA မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr. Soma Sundram Krishnaswamy နှင်အဖွဲ့ဝင်များ၊ ကိုရီးယားနိုင်ငံ ၊ KOREA Real Estate Services Development Associationမှ President Mr.Eric Parle နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှင့် Korea Real Estate Service Development Association တို့ သဘောတူလက်မှတ်ရေးထိုးခြင်းဖြင့် နှစနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုလုပ်များအတွက် ဥပဒေဆိုင်ရာသင်တန်းများ၊ ဝန်ဆောင်မှုနှင့်ပတ်သက်သည့်နည်းပညာများ၊ အတွေ့အကြုံများဖလှယ်ပြီးအသင်းသားများ၏Professional ဖြစ်မှုနှင့်အတူးစနစ်ကျသည့်ဝန်ဆောင်မှုလုပ်ငန်းများကိုပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

အခမ်းနားသို့ နေပြည်တော်အပါအဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အသင်းသူအသင်းသား (၁၅၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်းနှင့် အသင်းကြီးသည် MRESA ၏ Code of conduct (COC) ကို လက်ကိုင်ထားပြီးဆောင်ရွက်နေကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)