ရှမ်းရွာသစ် ဇွန် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများကို ယနေ့နံနက်ပိုင်းက တောင်သူများ ထံသို့ လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခံကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်မောင်က မျိုးစေ့ထုတ်စိုက်ဧကအတွက် မဲသမူးကျေးရွာအုပ်စုနှင့် ကွီးလေးကျေးရွာအုပ်စုရှိ တောင်သူ (၂) ဦးထံသို့ ဆင်းသုခမျိုးစပါး (၁၀) တင်း၊ စံပြကွက်စိုက်ပျိုးမည့် တောင်သူ (၂) ဦးထံသို့ မျိုးစပါး (၅) တင်းနှင့် ပုလဲဓာတ်မြေဇာများအား လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုးစေ့ထုတ်စိုက်ဧက (၁၀) ဧက၊ စံပြကွက်စမ်းသပ်စိုက် ပျိုးမည့်ဧက (၁၀)ဧကနှင့် အကျိုးဆောင်စိုက်ပျိုးမည့်ဧက (၃၀) ဧကအား စိုက်ပျိုးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်နည်းပညာများကိုလည်း တောင်သူများနှင့် ညှိနှိုင်းပေါင်းစပ်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၉) အုပ်စုတွင် တောင်ယာ (၂၁၆၃) ဧကနှင့် လယ်ယာ (၃၆၂၁) ဧက စုစုပေါင်း (၅၇၈၄) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)
 
    