မိုင်းယန်း ဇွန် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထအကောင်းများ ရရှိစေရန်ရည်ရွယ်၍ နယ်လည့်ဝန်ဆောင်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဇွန် ၁၁ ရက်နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူကြရန်နှင့် မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ငယ်ရွယ်စဉ်ကပင် မူးယစ်ဆေးကိုမစမ်းသပ်မိစေရန်နှင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်စေနိုင်သည့် ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲဆိုးကျိုးများကို ဥပမာသာဓကများဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာဗဟုသုတတိုးပွားစေရန်အတွက် သုတ၊ ရသစာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်အားပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး
