သံတောင်ကြီး ဇွန် ၁၁
သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းလျှင် မြေပြိုမှုများ မကြာခဏဖြစ်သည့်အတွက် မြေပြိုဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့်ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့၊ အမှတ် (၄) ကွက်လမ်းဆုံ၌ မြေပြိုဘေးအကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုဘေးပညာပေးပိုစတာတွင် မြေပြိုဘေးမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုထားသည့် ပတ်ဝန်းကျင်အဆောက်အအုံများ၊ လျှပ်စစ်မီးကြိုးများနှင့် ဝေးဝေးနေရန်၊ မြေပြိုဘေးဖြစ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ မြေပြိုဘေးဖြစ်ပြီးချိန်တွင် လိုက်နာရန်အချက်များ စသည့်အကြောင်းအရာများကို ပြည်သူများအနေဖြင့် မြေပြိုဘေးကြိုတင်ကာကွယ်နိုင်ရန် ပြသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်ထံက သိရသည်။
နော်နော်မူ
