မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရဲတပ်ဖွဲ့ဝင် သား/သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

မိုင်းပန် ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၏ ပညာသင်ကြားမည့် သား/သမီး၊ ကျောင်းသား/သူများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်ရဲစခန်း ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

အဆိုပါ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်သိန်းနိုင်၊ ဒုတိယရဲမှူး ကိုကိုဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့ မိ/စည်း ကော်မတီဥက္ကဋ္ဌ ဒေါ်မိမိခင်တို့မှ တပ်ဖွဲ့ဝင်များ၏ ပညာသင်ကြားမည့် သား/သမီး၊ အထက်တန်းကျောင်းသား/သူ (၃) ဦး၊ အလယ်တန်းကျောင်းသား/သူ (၄) ဦး၊ မူလတန်းကျောင်းသား/သူ (၁၀) ဦးတို့အတွက် ပညာသင်စရိတ်ငွေ (၃၀၀၀၀၀) ကျပ်နှင့် ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်၊ ကျောင်းသုံးပစ္စည်းများ တန်ဖိုးငွေ (၅၅၀၀၀၀) ကျပ် စုစုပေါင်း (၈၅၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးထံမှ သိရသည်။

နော်မှိုင်း(ပြန်/ဆက်)