ကလိန်အောင်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။