လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်များတွင် EID ရိုက်သွင်းနေမှုများ ကြည့်ရှု တိုင်း၊ ခရိုင်၊မြို့နယ်များမှဝန်ထမ်းများအား တွေ့ဆုံမှာကြား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းတို့နှင့်အတူ စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်း က မန္တလေး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မန်းတောင်ခြေရှိ၊ ပင်မစစ်လက်နက်ပစ္စည်းတပ်(မန္တလေး) အစည်း အဝေးခန်းမတွင် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ကိုင် ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှုများ၊ ဓါတ်ပုံရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးသည်။