မြို့သစ် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်ညွန့်ညွန့်ကြည်က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် (၅) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင် (၁၂) ဦးအားကို ယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်း၊ သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းဆောင်ရွက်ပြီး အသက် (၂) လမှတစ်နှစ်ခွဲအထိ ကလေးငယ် (၆၂) ဦးအား အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ် ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရာသို့ မြို့နယ်မိခင်နှင့်ကလေး စောက်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)
 
    