ကျေးသီးမြိုနယ်တွင် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ကျေးသီး ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်သန်းခေါင်စားရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ အများပြည်သူများ အသွားအလာများရာ နေရာများနှင့် မြို့မစျေးအတွင်း/အပြင်တို့၌ ယနေ့နံနက် (၈) နာရီအချိန်က ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ အသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ပါသည်။  အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁) ရက်မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူပါမည်။

စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် (Mobile Tablet) များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားပါမည်။ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ(၁၀) စစ်ဆေးခြင်းမဟုတ်ပါ။ သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက် ၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ၊ သန်းခေါင်စာရင်း ထည့်မကောက်ရမည့်သူများ၊ ဤမေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် ကူညီပါ။ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ ပြည်သူများက၊ ၂၀၁၃ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းဥပဒေအရ၊ မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းအားဖြင့် နိုင်ငံတော်မှ  သင်နေထိုင်ရာ နယ်မြေအတွင်း အောက်ပါတို့ကို ဆောင်ရွက်ပေးနိုင်မည် စသည့်အကြောင်းအရာများ ပါဝင်ပါသည်။  ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍  (မြန်မာဘာသာနှင့် ရှမ်းဘာသာ)နှစ်မျိုးလုံးဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)