မိုးနဲမြို့နယ်အဝင် (We Love Mongnai) နေရာတွင် စိန်ပန်းနီပင်များစုပေါင်းစိုက်ပျိုး

မိုးနဲ ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း‌၍ မြို့ဝင်/ထွက်နေရာများ သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိန်ပန်းနီပင်များကို (We Love Mongnai) မြို့ဝင်နေရာတွင် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။    

ထိုသို့စိုက်ပျိုးရာတွင် မိုးနဲမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးဌာနမှူး ဦးကျော်အောင်အောင် နှင့် ဝန်ထမ်းများက စိန်ပန်းနီပျိုးပင် ၃၀ ပင်ကို မြို့အဝင်သာယာလှပစေရေးအတွက် ပူးပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)