စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း ဇွန် ၁၁

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၀၂၃ - ၂၀၂၄)၊ (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အတန်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် (၁၀) ရက်မှ (၁၂) ရက်နေ့အထိ အသင်းပေါင်း (၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် တတိယနှစ် (ပထမနှစ်ဝက်) အသင်းနှင့် ပဉ္စမနှစ် (ဒုတိယနှစ်ဝက်) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဉ္စမနှစ် (ဒုတိယနှစ်ဝက်) အသင်းက အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့သည့် အသင်းများနှင့် ပွဲစဉ်နေရာအလိုက် အကောင်းဆုံးရရှိခဲ့သည့် အားကစားသမားများအား ဆုချီးမြှင့်ပွဲကိုကျင်းပရာ စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာခင်နှင်းရည်က အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှည်ပြိုင်ကစားခဲ့ကြတဲ့အတွက် အလွန်းအင်မတန်မှ ဂုဏ်ယူပါကြောင်း၊ အမိတက္ကသိုလ်ကြီးမှတစ်ဆင့် နိုင်ငံတော်မှအားထားရတဲ့ အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြပါ အားကစားများယှဉ်ပြိုင်ကစား ကြရင်းဖြင့် ကျောင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး ချစ်ခင်ရင်းနှီးမှုများလည်း ပိုမိုရရှိလာမှာ ဖြစ်ကြောင်းပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်