သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇွန် ၁၁

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာ မူလတန်းကျောင်း (ကန်နှစ်ဆင့်) တွင် စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့် စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်ချက်၊ ရည်မှန်းချက်ထားရန်၊ စည်းကမ်းရှိသော လူငယ်များဖြစ်စေရန်၊ အားလပ်ချိန်များတွင် သုတ၊ ရသ စာပေများဖတ်ရှုရန်၊ မူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ လူကုန်ကူးမှု မဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Social Media ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှုလေ့လာရန်၊ လူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတ အကြောင်းအရာများ၊ ပညာ၏တန်ဖိုးများ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး အကြောင်းအရာများ၊ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန် စသည့် အကြောင်းအရာ များအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့​နောက် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ကြူ​ကြူမိုးက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်လုပ်ငန်းဝန်ဆောင်မှုအဖြစ် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)