ကျိုက်ထို ဇွန် ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် (၆) နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ (၆၂) ဦးရှိပြီး အောင်မြင်သူ (၂၈၈) ဦးရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(သိမ်ဇရပ်) စာစစ်ဌာနတို့၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၄၆၁) ဦးရှိပြီး (၂၈၈) ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် (၆) ဘာသာ ဂုဏ်ထူးရှင် (၄) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၉) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၃၃) ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၆၂) ဦးရှိပြီး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ (၆၂.၄၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်