ကော့ကရိတ်မြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၁၁/၂၀၂၄) ကျင်းပ

ကေ့ာကရိတ် ဇွန် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

​ရှေးဦးစွာ ​ကေ့ာကရိတ်မြို့  ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်တို့ကိုဆွေး​နွေး​ပြောကြားကြသည်။

ထို​နောက် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း‌‌ဝေက ဆောင်ရွက်လျက်ရှိသည့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပြည်သူ့ဆေးရုံဖွင့်လှစ်ထားရှိမှု၊တောင်​​ပေါ် ကျောင်းတိုက် ကျောင်းဆောင်အမိုးများ ပြင်ဆင်​ဆောင်ရွက်​နေမှု၊ ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုး များ၊ ဓာတ်တိုင်များ ရှင်းလင်းသွယ်တန်းမှု၊ စာသင်​ကျောင်းများဖွင့်လှစ်ထားရှိမှု၊ မီး​ဘေးသင့်ပြည်သူ များ ထောက်ပံ့​ငွေနှင့် ကယ်ဆယ်​ရေးပစ္စည်းများ​ထောက်ပံ့​ပေးအပ်မှု၊ နေရပ်ပြန်စစ်ဘေးရှောင် အိမ်ထောင်စုစာရင်းကောက်ယူမှု၊ ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာမည့် ယာယီနေရပ် စွန့်ခွာသူများအတွက် ဇိနသုခလောကသရဖူစေတီတော်ဝန်းအတွင်း၌ ယင်လုံအိမ်သာသန့်စင်ခန်း ဆောက်လုပ်‌နေမှုအခြေအနေတို့ကို နယ်မြေခံတပ်မတော်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိ​ကြောင်း ရှင်းလင်းတင်ပြဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြ​ကြောင်း သိရသည်။

KMW (ခရိုင်ပြန်/ဆက်)