မော်လမြိုင်ကျွန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၌ ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ကျေးရွာလမ်းဘေးဝဲယာတွင် အရိပ်ရစေရေး၊ ပန်းအလှပင်များပိုမိုစိုက်ပျိုးနိုင်ရေးအတွက်ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
ထို့နောက် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦကျော်ကျော်နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကွမ်းခြံချောင်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းများပါဝင်သော အင်အား (၂၀၀) က မာလာလူးကာ၊ မန်ဂျန်ရှား၊ မဟော်ဂနီ အစရှိသည့် ပျိုးပင်ပေါင်း (၁၀၂၀၀) ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့နယ်ကျေးလတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသံယဇာတရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကိုထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရဲကိုမောင်