တောင်ငူမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ  ဦးဆောင်၍  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (Vinyl)မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်ဒါကွင်းရှေ့၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ ကျင်းပသည်။

ထို့သို ကျင်းပရာတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်းနှင့် ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ပွင့်ဖြူစင်သက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  အောင်နိမိတ်သပြေပန်းရေပက်ဖြန်းသည်။

အဆိုပါ ​မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)၊ ကလေးသူငယ်များအား လုပ်ကိုင်ခွင့်မပြုသည့်နေရာများ၊ ကလေးသူငယ်များအား ခိုင်းစေခြင်းမပြုရမည့်အလုပ်များနှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး” စသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)