မတ္တရာမြို့နယ်၌ စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများသို့ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချသော စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများသို့ အပတ်စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်တွင်လည်း ရတနာညွှန့် စားသုံးဆီ ရောင်းဝယ်ရေးဆိုင်တွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကျွန်းစိုက်ခင်း ရတနာတန်းဝင်ကျွန်း ၃၃၀ ပင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကျွန်းစိုက်ခင်း ရတနာတန်းဝင် ကျွန်း ၃၃၀ ပင် စိုက်ပျိုးပွဲကို စက်တင်ဘာ ၁၇ ရက်နံနက် ၇ နာရီအချိန်က ကပ်ကျေး အင်းကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင်အမှတ် (၁၁/၇)မှ (၁၂/၀)ကြား သာစည်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ အမျိုးသမီးငယ် ၃၃၅၄ ဦး လျာထားထိုးနှံပေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက်(၉) နှစ်မှ (၁၂)နှစ်အတွင်းရှိ အမျိုးသမီးငယ် ၃၃၅၄ ဦး လျာထားထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာထည့်သွင်းကျင်းပမည်

မိတ္ထီလာမြို့ (၁၄ဝ)ကြိမ်မြောက်သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ၈ ရက်ကြာထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဖြစ်သူထံက သိရသည်။

မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ နေရှင်နယ်ပရဟိတဂေဟာဘုန်းတော်ကြီးကျောင်း၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာ ရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ နေရှင်နယ်ပရဟိတဂေဟာဘုန်းတော်ကြီးကျောင်း ၌ ပညာသင်ကြားနေသော ကိုရင်များ၊ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့် ရှောက်ပေးမှုကို ယမန်နေ့နံနက် (၉)နာရီအချိန်က နယ်လှည့်ကွင်းဆင်း ကုသပေးခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ကမမောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို သား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စနစ်တကျ စတင်ထိုးနှံနိုင်ရေးအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ချောင်းဦးမြို့၌ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဧရိပ်မွန်(၂) အမျိုးသမီးကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်တိုက်ဖျက်နိုင်ရေးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to