ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက (၂၀၂၄-၂၀၂၅) ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ စိုက်ပျိုးစရိတ်ချေးငွေ (၃၉၈၆၅၀၀၀၀) ကျပ် ထုတ်ချေးဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။